"Yin-Sue blog ကိုလာရောက်လည်ပတ်ကြသောသူများအားလုံး ဖြစ်ချင်တာရယ် ဖြစ်သင့်တာရယ် ဖြစ်လာတာရယ် တစ်ထပ်တည်းကျပါစေဗျာ........"
Showing posts with label Breaking News. Show all posts
Showing posts with label Breaking News. Show all posts

Saturday, April 21, 2012

ဂျပန်နိုင်ငံသို့ ပေးရန် ကြွေးမြီ ၃.၇၂ ဘီလျံလျှော်ပြီ

Yin Sue | 7:56 AM | Best Blogger Tips

ဧပြီ ၂၁ ရက်၊ ၂၀၁၂ ခုနှစ်-YPI

Myanmar President U Thein Sein sits next to Japan Prime Minister Yoshihiko Noda in Japan-Mekong summit in Tokyo April 21, 2012. 
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကို ဂျပန်နိုင်ငံ ၀န်ကြီးချုပ်နှင့် အတူ တွေ့ရစဉ်


မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ ပေးဆပ်ရန်ရှိသည့် ကြွေးမြီ ကန်ဒေါ်လာ ၃.၇၂ ဘီလျံကိုလျှော်ပစ်လိုက်ပြီး နောက်ထပ်ဖွံ့ဖြိုးရေး အကူအညီများ ပေးသွားရန် ဂျပန်နိုင်ငံမှ သဘောတူလိုက်ကြောင်း ရိုက်တာ သတင်းဋ္ဌာန၏ ဖေါ်ပြချက် အရသိရှိရသည်။

မြန်မာနိုင်ငံအစိုးရက ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုများ ဘက်အသီးသီးတွင် လုပ်ဆောင်လျှက်ရှိခြင်းကို ထောက်ခံသည့် အနေဖြင့် ယခုကဲ့သို့ ကြွေးမြီများအား လျှော်ပစ်လိုက်ခြင်းဖြစ်ကာ ဂျပန်-မြန်မာ စီးပွားရေး ဆက်ဆံမှုကိုလည်း တိုးမြှင့်သွားမည်ဟု ဂျပန်နိုင်ငံ ၀န်ကြီးချုပ် ယိုရှီဟီကို နိုဒ က ပြောကြားကြောင်း ယင်းသတင်းတွင် ဖေါ်ပြထားသည်။

ယမန်နေ့မှ စတင်ပြီး ဂျပန်နိုင်ငံသို့ရောက်ရှိနေသည့် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်နှင့် ဂျပန်နိုင်ငံဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေးအပြီး ယခုလို ကြေညာလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ အဆင့်မြင့်ခေါင်းဆောင်တဦးနှင့် ဂျပန်နိုင်ငံ ၀န်ကြီးချုပ်တို့ ၂၈ နှစ်အကြာကာလအတွင်းပထမဆုံး အကြိမ်တွေ့ဆုံမှုလည်း ဖြစ်ကာ ဆယ်စုနှစ် ၂ ခုကျော်ကြာ အထီးကျန်နေထိုင်ခဲ့သည့် မြန်မာနိုင်ငံအား ယင်းအဖြစ်မှ အဆုံးသတ်စေမည့် နောက်ထပ် ခြေလှမ်းတလှမ်းဖြစ်သည်ဟု နိုင်ငံခြား သတင်းမီဒီယာများ ကဖေါ်ပြကြသည်။

မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ ပြန်ဆပ်ရန် ရှိသည့် ချေးငွေနှင့် အတိုးစုစုပေါင်း ကန်ဒေါ်လာ ၄.၉ ဘီလျံအနက် ၃.၇၂ ဘီလျံကို လျှော်ပစ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ယင်း ကြွေးမြီ ၃.၇၂ ဘီလျံမှာ မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် အတွင်းက မြန်မာနိုင်ငံ အစိုးရအနေဖြင့် ဂျပန်နိုင်ငံမှ ချေးယူထားသည့် ကြွေးမြီများဖြစ်သည်။ ။

Note - သစ်ထူးလွင် ဆိုဒ်မှ ကူးယူဖော်ပြပါသည် ။

Thursday, April 19, 2012

The 100 Most Influential People In The World (Full List - Time Specials )

Yin Sue | 8:25 AM | Best Blogger Tips
Note - ပုံအကြီးချဲ့ရန် ပုံကို Click ပါ






ဒါလေးကတော့ Time Magazine ရဲ့ 2012 ရဲ့ကမ္ဘာ့အလွှမ်းမိုးနိုင်ဆုံး လူ အယောက် ၁၀၀ ကို
 April 17 က ထုတ်ပြန်ခဲ့တဲ့ ဖြစ်ပါတယ်.....Screen Shot နဲ့ရိုက်ပြီးတင်ထားပေးတာပါ.....
ကျွန်တော်တို့ သမ္မတကြီးဦးသိန်းစိန်ကတော့ အဆင့် ၇၂ ဖြစ်ပါတယ်.....
ကြည့်ရတာ မရှင်းရင် ဒီမှာ သွားကြည့်နိုင်ပါတယ်......

Wednesday, April 4, 2012

Vote Myanmar's President U Thein Sein for the 2012 TIME Top Roll

Yin Sue | 2:44 AM | Best Blogger Tips
ဒီလင့်ခ်ကတော့ သမ္မတကြီး ဦးသိန်းစိန်ကို ပေးရမဲ့ လင့်ခ်ဖြစ်ပါတယ်...
ကျွန်တော်တို့သမ္မတကြီးကို Vote ပေးလိုက်ကြရအောင်....
April 6 မှာပိတ်မှာဖြစ်တဲ့အတွက် လက်မနှေးလိုက်ကြပါနဲ့.....
2012 Time 100 Roll စာရင်းကိုတော့ မှာ ကြေငြာပေးမှာဖြစ်ပါတယ်....
ဒီနေ့ မှာ သမ္မတကြီးက 49 နေရာကို ရောက်နေပါပြီ...
ဒါကလက်ရှိရပ်တည်မှု့လေးပါ.....ဘယ်သူတွေဘယ်အဆင့်နဲ့ရပ်တည်နေတယ်ဆိုတာသိချင်ရင် 
ဒေါင်းကြည့်ပါ....
အောက်ကပုံကတော့ သမ္မတကြီးကို Vote ထားတဲ့အရေအတွက်ပါ....
ဘယ်သူကမှခိုင်းလို့ မဟုတ်ဘူးနော်....ကိုယ့်သမ္မတကို လေးစားလို့ ...
ကို့သမ္မတကို မြန်မာနိုင်ငံသားကမှ မလေးစားရင် ဘယ်နိုင်ငံကမှ ကိုယ့်နိုင်ငံကို အထင်ကြီးလေးစားမှာလည်း မဟုတ်ပါဘူး....သူများတွေ လုပ်ပြီးသား ရှယ်ပြီးသားဖြစ်ပေမဲ့...ထပ်ရှယ်ပါတယ်....
လုပ်နည်းလေးကတော့ Definitely ကိုနှိပ်ပြီး Submit လုပ်ရုံပါဘဲ.....

Friday, March 23, 2012

ရခိုင်ကမ်းလွန် အေ-၆ ၌ သဘာဝဓာတ်ငွေ့ခိုအောင်းမှု ထပ်မံတွေ့ရှိ

Yin Sue | 1:33 AM | Best Blogger Tips

ဂျူးလိယက် 
အတွဲ ၂၉ ၊ အမှတ် ၅၆၂ (၂၃ - ၂၉ ၊ ၃၊ ၂၀၁၂)
စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်လျက်ရှိသော MPRL E&P Pte Ltdသည် မြန်မာ နိုင်ငံ၏ ရခိုင်ကမ်းလွန်ရှိ ကမ်းလွန်လုပ် ကွက် အမှတ်အေ-၆၌ အစမ်းတွင်း အမှတ် Pyi Thar -1 STအား တူးဖော် ရာတွင် အနက်ပေ ၄,၂၇၀ ခန့်တွင် ပေ ၁၈၀ ခန့်ထူသော သဲကြော၏ အတွင်း အပေါ်ပိုင်းအထူ ပေ ၂၀ နှင့် အခြားသော သဲကြော အချို့တွင် သဘာဝဓာတ်ငွေ့ များ ခိုအောင်းနေသည်ကို တွေ့ရှိရကြောင်း MPRL E&P Pte Ltd မှ သတင်းထုတ်ပြန်ထားသည်။
ရေနံနှင့် သဘာဝဓာတ်ငွေ့ခိုအောင်း သည့် သဲကြောနှင့်စပ်လျဉ်းသည့်အချက် အလက်များကို သိရှိနိုင်သော တိုင်းတာချက်များအရ သဘာဝဓာတ်ငွေ့ ခိုအောင်းနေသည်ကို အခိုင်အမာ အတည်ပြုနိုင်ခြင်းဖြစ်ကြောင်း ဖော်ပြ ထားသည်။
ယင်းသဘာဝဓာတ်ငွေ့ တွေ့ရှိခြင်း သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တင်ပို့ရောင်းချရန် ဆောက်လုပ်ရေး လုပ်ငန်းများကို ဆောင်ရွက်နေသည့် ရွှေသဘာဝဓာတ်ငွေ့မြေ၏ တောင်ဘက် ကီလိုမီတာ ၂၅၀ ခန့်တွင် ဒုတိယ မြောက် သဘာဝဓာတ်ငွေ့ ရှာဖွေတွေ့ရှိ ခြင်းဖြစ်ကြောင်း ယင်းသတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

မှတ်ချက်။   ။ မြန်မာတိုင်း(မ်) မှ ကူးယူ ဖော်ပြပါသည်။

Thursday, March 15, 2012

Wednesday, March 14, 2012

နိုင်ငံတော်အတွင်း နိုင်ငံတော်၏ တာဝန်ထမ်းဆောင်လျက်ရှိကြသည့် နိုင့်ငံဝန်ထမ်းများအား အပိုထောက်ပံ့ကြေး ခံစားခွင့်ပြုခြင်း

Yin Sue | 1:06 AM | Best Blogger Tips
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာ၊ ပြည်ထောင်စုဝန်ကြီးရုံး၏ ၁၃၇၃ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက်၊ (၂၀၁၂ ခုနှစ်) မတ်လ ၁၄ ရက်စွဲပါ အမိန့်ကြေငြာစာအမှတမ် ၁၀၀/ ၂၀၁၂ ဖြင့် နိုင်ငံတော်အတွင်း နိုင်ငံတော်၏ တာဝန်ကို ထမ်းဆောင်လျက်ရှိကြသည့် ၀န်ထမ်းများ (ကြည်း၊ ရေ၊ လေ) ၀န်ထမ်းများအား စားဝတ်နေရေး သက်သာချောင်လည်မှု ရှိစေရန်အတွက် လက်ရှလစာအပြင် အပိုထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင် (ကျပ်သုံးသောင်းတိတိ) ခံစားခွင့်ပြုရန်ကိုလည်းကောင်း၊ အစိုးရဌာန်များနှင့် အဖွဲ့အစည်းများရှိ နေ့စားအလုပ်သများများ၏ လုပ်ခကို အလုပ်ချိန် တစ်နေ့ (၈) နာရီအတွက် လက်ရှိသက်မှတ်ထားသော လုပ်ခ (ကျပ်တစ်ထောင့်တစ်ရာတိတိ) အပေါ်တွင် ထောက်ပံကြေး (ကျပ်တစ်ထောင်တိတိ) ကို ထပ်မံခံစားခွင့် ပြုမည်ဖြစ်သဖြင့် နေ့စားအလုပ်သမားများအား နေ့စဉ်လုပ်ခ (ကျပ်နှစ်ထောင့်တစ်ရာတိတိ) ခံစားခွင့်ပြုရန်ကိုလည်းကောင်း ၂၀၁၂ ခုနှစ် ဧပြီလ (၁) ရက်နေ့မှ စ၍ ခံစားခွင့်ပြုလိုက်ကြောင်း သတင်းရရှိသည်။

မှတ်ချက် - Mrtv - 4 (Facebook Page) မှ ကူးယူဖော်ပြပါသည်။